၂၀၀၃ ခုနှစ်၊ ဇန်န၀ါရီလတွင် ထုတ်ပြန်သည်။

page06_eiji_toyoda_tcm322-208238

Eiji Toyoda,
Honorary Advisor of Toyota Motor Corporation

၁၉၅၇ ခုနှစ်သည် Toyota ၏ အကြီးဆုံး စိန်ခေါ်မှု၏အစအဖြစ် သတ်မှတ်ရမည်။ ယင်းအချိန်တွင် Japan ပြည်လုပ်ရှေးဦးပုံစံနှစ်ခုသည် အလားအလာကောင်းမွန်ခြင်းမရှိသေးသော American ဈေးကွက်ကို ထွက်ခွာသွားသည်။ ထိုအချိန်က Toyota ကားများကို ဂျပန်များအတွက် ရှေးရှု၍ ထုတ်လုပ်နေခြင်းဖြစ်သည်။ ထိုစဉ် Japan ပြည် Toyota Motor Sales, Co., Ltd. ဥက္ကဋ္ဌ Shotaro Kamiya, က ထင်မြင်ချက်ပေးသည်။ “ကျွန်ုပ်တို့ကားများသည် ယခုအချိန်တွင် အကျိုးသက်ရောက်မှု မရှိနိုင်သေးလျှင် မိမိတို့သည် ရပ်ကြည့်နေရုံဖြင့်အချိန်မရှိပေ။ မိမိတို့သည် အနေအထားကောင်းတစ်ခုရရန်လိုသည်။ အစပိုင်းတွင် ဈေးကွက်ထဲသို့ ၀င်သည့်အခါ မမျှော်လင့်သည့် အနှောင့်အယှက်များ တွေ့ကြုံနိုင်သော်လည်း မိမိတို့သည် အဖိုးတန်သော အတွေ့အကြုံများအမြဲရရှိနေမည်ဖြစ်ကာ တဖြည်းဖြည်း မိမိတို့၏ စီးပွားရေးစွမ်းဆောင်မှုသည်လည်း တိုးတက်လာဖြစ်သည်။”

Japan တွင် passenger cars သည် စွမ်းဆောင်မှု၊ ဈေးနှုန်းနှင့် ယုံကြည်စိတ်ချရမှုတို့တွင် လေးစားရသည့် အဆင့်သို့ရောက်ရှိနေသော်လည်း United States တွင်သူ၏စွမ်းရည်ကို သက်သေပြနိုင်ရန်လိုသေးသည်။ ၁၉၅၈ ခုနှစ် ဇူလိုင်တွင် စတင် တည်ထောင်သည့် Toyota Motor Sales. U.S.A., Inc., သည် “ပုံမှန် model တွင် စီးနင်းသူ သက်သောင့်သက်သာရှိရန်နှင့် ကျစ်လစ်သေးသွယ်ပြီးစီးပွားရေးအရတွက်ချေကိုက်မှုရှိရန်ကိုထည့်သွင်းထားသည့် ကား” ဟု ကားမဂ္ဂဇင်းများက ဖော်ပြသည့် Toyopet Crown ကို စတင်ဖြန့်ချီသည်။ ယင်းသည် Toyota ၏ ” အနေအထားကောင်းတစ်ခု”ဖြစ်သွားသည်။

‘အနေအထားကောင်း သည် “ဈေးကွက်တွင် မမျှော်လင့်မှု” တွေ့ကြုံရသည်။ Toyopet Crown သည
America ၏ ခရီးဝေးအမြန်လမ်းပေါ်တွင် မောင်းနှင်းရခြင်းကို မကိုင်တွယ်နိုင်ပေ။ ကိုယ်ထည်မှာ လေး၍
Toyopet Crown (ဂျပန်တွင် အောင်မြင်ကြောင်း သက်သေပြနိုင်) နှင့် နောက်နှစ်နှစ်တွင်ထုတ်လုပ်
သည့် Tiara နှစ်ခုစလုံးပင် ရောင်းအား မြှင့်တင်ရာတွင်အောင်မြင်မှုမရရှိခဲ့ပါ။Toyota သည် ဤမျှခြားနား
သည့် ဈေးကွက်တွင် ရှုံးနိမ့်ရခြင်းအတွက် ကိုယ်တိုင်ပေးဆပ်ခဲ့ရသည်။ passenger car တင်ပို့မှုကို
ရပ်ဆိုင်း၍ မရောင်းရသေးသော လက်ကျန်များကို ပြန်လည် ခေါ်ယူသည်။

သို့သော် Toyota သည် နိုင်ငံတကာနှင့်ယှဉ်နိုင်ရန်၊ ကားများ
သည် ဒေသတွင်းလမ်းနှင့် အမြန်လမ်းများကို ကိုင်တွယ်နိုင်ရမည်ဆိုသောတန်ဖိုးရှိသော သင်ခန်းစာကို ရရှိလိုက်သည်။ ငါးနှစ်ကြာသောအခါ၊ ၁၉၆၅ ခုနှစ်တွင်
United States တွင် Corona အား ထိရောက်သောကြော်ငြာခြင်းများနှင့်အတူ အမြန်လမ်းမပေါ်တွင် ကောင်းမွန်စွာဆောင်နိုင်မှုနှင့် အခြားအင်္ဂါရပ်သစ်များထည့်၍ စတင်ဖြန့်ချီသည်။ Toyota ၏ တင်ပို့မှုမှာ ၁၉၆၄ ခုနှစ်တွင် ၃,၈၀၀ မှ၁၉၆၇ ခုနှစ်တွင် ၄၀,၇၀၀ အထိ တစ်ဟုန်ထိုးတိုးတက်သွားသည်။ United States သည် Toyota ၏ အကြီးဆုံးတင်ပို့ရသော ဈေးကွက်ဖြစ်လာခဲ့သည်။

United States သို့ အဦးဆုံးတင်ပို့မှုများတွင် အဓိကပါဝင်သူ Eiji Toyoda က ယင်းအတွေ့အကြုံအား ပြန်လည်သုံးသပ်ရာတွင် ”စဉ်းစားဆင်ခြင်မှုမရှိသော စွန့်စားမှုကို ယူလိုက်ခြင်းဖြစ်သည်။ သို့သော် အချိန်ကောင်းဖြစ်သည်။ မိမိတို့၏ ကနဦးတွင် တွေ့ခဲ့ရသော ဆိုးဝါးသည့် အတွေ့အကြုံက မိမိတို့၏ ဆုံးဖြတ်ချက်ဖြစ်သော United States တွင် ရောင်းအားကောင်းမည့်ကားများကို ပြုလုပ်မည် သန္နိဋ္ဌာန်အား ခိုင်မာစေသည်။ မိမိတို့တွင် ကျေနပ်လက်ခံနိုင်လောက်သော ထုတ်ကုန်ရောင်းရန်မရှိလျှင် Toyota Motor Sales သည် ပြိုလဲမည်ကိုသိသည်။ ပထမအကြိမ်မိမိတို့ ကြိုးစားသည်။ မအောင်မြင်ပါ။ ထပ်မံကြိုးပမ်းခြင်းဖြင့် စိန်ခေါ်မှုကို ယှဉ်ပြိုင်ရန် အားထုတ်မှုကို နှစ်ဆတိုးလိုက်သောအခါ ဒုတိယအကြိမ်တွင် အောင်မြင်သွားသည်။ အပြီးတွင် စွန့်စားရကျိုးနပ်သည်။”

  • page10_photo1_tcm322-208108

    United States အတွက် Toyopet Crown များကို တင်နေစဉ်။

  • page06_photo2_tcm322-208289

    Toyota Motor Sales, U.S.A., Inc., 1958

— End —