t9_toyota_logo01

Jidoka —

Manufacturing high-quality products

Automation with a human touch

TPS (Toyota Production System) တွင်သုံးစွဲသော”jidoka” ကို “လူထိသည်နှင့် အလိုလျောက်ဖြစ်ခြင်း” ဟူ၍ အနက်ဖွင့် နိုင်သည်။ အလိုအလျောက် စက်ကိရိယာဖြင့် ရက်ကန်းစင်ကို စတင်တီထွင်သူ Sakichi Toyoda,Toyota အုပ်စုတည်ထောင်သူ မှ စတင်၍ jidoka ကို ခြေရာကောက်နိုင်သည်။ အလိုအလျောက် ရက်ကန်းစင်သည် ချည်များကို စက်ဖြင့်လှည့်၍ အထည်လိပ်ကို အလိုအလျောက် ရက်နိုင်သည်။
အထည်အလိပ်ကို လက်ဖြင့်သာ ရက်လုပ်ကြရသည်။ ၁၈၉၆ ခုနှစ်တွင် Sakichi Toyoda သည် ဂျပန်ပြည်၏ ပထမဆုံး မိမိ၏စွမ်းအင်သုံးယက်ကန်းစင် “Toyoda Power Loom” ကို တီထွင် လိုက်သည်။ ထို့နောက်တွင် ၄င်း၏ယက်ကန်းစင်အား တီထွင်မှုများစွာကို ထည့်သွင်း၍ ပြုပြင် ပြောင်းလဲမှုကြီးတစ်ရပ်ကို ပြုလုပ်သည်။ (ယင်းတွင် ဖောက်ချည်ပြတ်လျှင် အလိုအလျောက်ရပ်သော ကိရိယာ၊ ဖောက်ချည်ကို ပို့ပေးသောကိရိယာနှင့် အလိုအလျောက် ဖောက်ချည်လဲသော ကိရိယာတို့) ပါဝင်သည်။ ၁၉၂၄ ခုနှစ်တွင် Sakichi သည် ကမ္ဘာပေါ်တွင် ပထမဆုံးသော အလို အလျောက် ပြုလုပ်နိုင်သော ယက်ကန်းစင်လုပ်ငန်းကို တီထွင်လိုက်သည်။ ယင်းကို “Type-G Toyoda Automatic Loom (မရပ်နားဘဲ ဖောက်ချည်ပို့နိုင်)” ဟုခေါ်၍ မရပ်နားဘဲ ဖောက်ချည်ကို လဲနိုင်သည်။
Toyota တွင်”jido”ဆိုသောစကားလုံးသည် ဆုံးဖြတ်နိုင်စွမ်းရှိသောကိရိယာကိုထည့်သွင်းတပ်ဆင်ထားသည့်စက်ကိုခေါ်သည်။ သို့သော်သာမာန်ဂျပန်စာလုံးတွင်”jido”(အလိုအလျောက်ပြုလုပ်ခြင်း)ဆိုသည်မှာမိမိဘာသာရွေ့လျားနိုင်သည့်စက်ကိုခေါ်သည်။ Jidokaဆိုသည်မှာ”လူ၏ထိတွေ့မှုဖြင့်အလိုအလျောက်ဖြစ်ခြင်း”ကိုဆိုလို၍၊လုပ်ဆောင်မှုတစ်ခုကိုကြီးကြပ်သူနှင့်စောင့်ကြည့်မှတ်သားနေသူအောက်တွင်ရွေ့ လျားနေသော စက်နှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ ပြဿနာပေါ်ပေါက်လာလျှင်ရက်ကန်းစင်ကရပ်သွားသောကြောင့်၊ ချွတ်ယွင်းမှုမဖြစ်တော့ပေ။ဆိုလိုသည်မှာလူတစ်ဦးတည်းကယက်ကန်းစင်မြောက်မြားစွာကိုကြီးကြပ် နိုင်၍ထုတ်ကုန်စွမ်းအားမှာများစွာတိုးတက်ခြင်းကိုရရှိသည်။

Type-G Toyoda Automatic Loom, the origin of jidoka
p_3_3_tcm323-196895
Type-G Toyoda Automatic Loom သည် ကမ္ဘာပေါ်တွင် ပထမဆုံးသော အလိုအလျောက် ယက်ကန်းစင်ဖြစ်၍ ဖောက်ချည်ပြတ်လျင် အလိုအလျောက်ရပ်သည်။ လုံးဝ မရပ်မနားဘဲ ဖောက်ချည်ကိုလဲသည်။ ၁၉၂၄ ခုနှစ်တွင် Sakichi Toyoda က တီထွင်သည်။
Concept of jidoka
p_3_4_tcm323-196885
Jidoka and Visual Control

ပြဿနာရှိလျှင် ကိရိယာက အလုပ်လုပ်ခြင်း ရပ်သွားသဖြင့် ကိုယ်တွယ်သူတစ်ဦးတည်းသည်မျက်မြင်စောင့်ကြည့်နိုင်၍ စက်များစွာကို တစ်ပြိုင်တည်း ကောင်းမွန်စွာ ကိုင်တွယ်နိုင် သည်။ ဤကဲ့သို့ “မျက်မြင်စောင့်ကြည့်ထိန်းချုပ်ခြင်း၊” သို့မဟုတ် “ချွတ်ယွင်းမှုကို မြင်နိုင်ခြင်း”စသည် တို့သည်ဤအရေးကြီးသောအချက်ကို အသုံးပြု၍ ပြဿနာများ/ချွတ်ယွင်းမှုများကို board စနစ်ခေါ်”andon”ကို Toyota plants များက အသုံးပြုသည်။ operators သည် လှမ်းကြည့်ရုံမျှဖြင့် ကုန်ထုတ် လမ်းကြောင်းတွင် ဖြစ်ပေါ်နေသော ချွတ်ယွင်းမှုကို ဖော်ထုတ်နိုင်သည်။

Visual Control using Andon
p_3_1_tcm323-196892
စက်ကို ကိုင်တွယ်သူမှ သာမန်မဟုတ်မှုကို ကြည့်ရှုဆက်သွယ်ဆောင်ရွက်ခြင်း
p_3_2_tcm323-196893
ပြဿနာကို andon board မှ တဆင့်သာမန်မဟုတ်ခြင်းကို ဖော်ပြဆက်သွယ်နေစဉ်