t9_toyota_logo01

Just-in-Time —

Philosophy of complete elimination of waste

Just-in-Time

“Just-in-Time ” ဆိုသည်မှာ ”ဘာလိုသလဲ၊ ဘယ်အချိန်လိုသလဲနှင့် လိုအပ်သော ပမာဏကိုသာလျှင် ပြုလုပ်မည်။” ဥပမာ – အစိတ်အပိုင်း ၃၀,၀၀၀ လောက်လိုအပ်မည်။ မြောက်မြားစွာသော ကားများကို ကျွမ်းကျင်စွာ ထုတ်လုပ်နိုင်ရန် အသေးစိတ်ထုတ်လုပ်မှု အစီအစဉ်ရေးဆွဲ၍ ယင်းအစီအစဉ်တွင်လိုအပ်သောအစိတ်အပိုင်းများ ရယူစုဆောင်းထားခြင်းလည်း ပါဝင်ရမည်။ ”ဘာလိုသလဲ၊ ဘယ်အချိန်လိုသလဲနှင့် လိုအပ်သော ပမာဏ” ကို ထောက်ပံ့သောအခါ၊ မလိုအပ်သောပစ္စည်းများ ရှေ့နောက်လုပ်ငန်းစဉ်များတွင် မလိုက်ဖက်မှုများနှင့် မသင့်လျော်သော လိုအပ်မှုများကို လုံးဝထုတ်ဖယ်ခြင်းအားဖြင့် ထုတ်လုပ်မှုစွမ်းအား တိုးတက်မည်။

Kanban System

TPS (Toyota Production System) တွင် ထုတ်လုပ်မှုကို ထိန်းချုပ်သော “kanban system” စနစ်သည် တစ်မူထူးခြား၍ မရှိမဖြစ်သော နေရာတွင် ပါဝင်သည်။ ယင်းစနစ်ကို Supermarket သဘောသဘာဝမှ ယူထားသောကြောင့် “Supermarket method”ဟူ၍လည်း ခေါ်သည်။ မြောက်မြားစွာသော ကုန်ပစ္စည်းများ ရောင်းချသောဆိုင်များတွင် ကုန်ပစ္စည်း ထိန်းချုပ်သော ကပ်ပြားများ ပေါ်တွင် ကုန်ပစ္စည်းနှင့်သက်ဆိုင်သော အကြောင်းအရာများ ဥပမာ – ကုန်ပစ္စည်းအမည်၊ သင်္ကေတ၊ ထားသိုရာနေရာ စသည်တို့ကို ဖော်ပြထားသည်။ Toyota သည် Kanban သင်္ကေတကို ကုန်ထုတ်လုပ်ငန်းတွင် အသုံးပြုသောကြောင့် “kanban system” ဟု အမည်တွင် သွားသည်။ Toyota တွင် လုပ်ငန်းစဉ်မှ သုံးသွားသော အစိတ်အပိုင်းကို အစားထိုးရန် kanbanသင်္ကေတကိုသုံး၍ ဆက်သွယ်ခြင်းဖြင့် သုံးသွားသော အစိတ်အပိုင်းကို သိရှိသည်။

Evolution of the kanban through daily improvements
p_2_1_tcm323-196883
(စဉ်ဆက်မပြတ် နည်းပညာတိုးတက်မှုများကြောင့် kanban စနစ်သည် “e-kanban” သို့ တစ်စတစ်စ ပြောင်းလဲသွားသည် IT နည်းပညာများကို အသုံးပြုနိုင်၍ ကုန်ထုတ်စွမ်းအား တိုးတက်မှုအား ပိုမိုကောင်းလာသည်။

– Supermarket ကုန်ပဒေသာတိုက်ကြီး သဘောသဘာဝကို အဘယ်ကြောင့် သုံးသနည်း?
ကုန်ပဒေသာတိုက်ကြီး (Supermarket) တွင် စားသုံးသူများ အချိန်မရွေး ၀ယ်ယူနိုင်ရန် လိုအပ်သော ပမာဏ သိုလှောင်ထားသည်။
Taiichi Ohno (ထိုစဉ်က Toyota ဒုဥက္ကဋ္ဌ) သည် Just- in-Time သဘောတရားကို Supermarket သည် ရှေ့လုပ်ငန်းစဉ်အဖြစ်လည်းကောင်း၊ စားသုံးသူအား နောက်မှ လိုက်လာသော အစဉ်အဖြစ်လည်းကောင်း၊ နှိုင်းယှဉ်၍ အသုံးချခဲ့သည်။ လက်ရှိ အဆင်မပြေ သော ကုန်ထုတ်လုပ်မှု လမ်းကြောင်းရှိခဲ့သော် နောက်လုပ်ငန်းစဉ်(စားသုံးသူ) က အရှေ့အလုပ်စဉ် (Supermarket) သို့သွား၍ လိုအပ်သော အစိပ်အပိုင်းများကို လိုအပ်သည့် ပမာဏ ထုတ်ယူခြင်းကဲ့သို့ ပြုပြင်နိုင်သည်။ ရှေ့အလုပ်စဉ် မှလည်း ပိုလျှံသော အပိုင်းများကို ထုတ်လုပ်၍ အနောက်အလုပ်စဉ်သို့ မပို့တော့ချေ။

p_2_zu_tcm323-196884

kanban (၂) မျိုး (ကုန်ထုတ်မှုတွင်သုံးသော Kanban နှင့် အစိတ်အပိုင်းများ ထုတ်ယူသော Kanban) ကို အစိတ်အပိုင်း များအား စီမံခန့်ခွဲမှုတွင် အသုံးပြုသည်။