အရှေ့ဘက်ဒီဇိုင်း
LED ရှေ့မီး နှင့် နေ့အချိန်လင်းမီးများ
၁၇ လက်မ အလူမီနီယံဘီး
အနောက်ဘက်ဒီဇိုင်း
အနောက်ဘက် ပေါင်းစပ်မီးများ
TNGA မြင်နိုင်စွမ်း – အပြင်ဘက်မှန်များ
အရှေ့ဘက်ဒီဇိုင်း
ထင်ရှားသော ကားထုထည် အလယ်ဗဟိုတည်နေရာနှင့် ကြီးမားသော ထရာပီဇီယမ်ပုံသဏ္ဍာန် ရှဲလ်အနိမ့်တို့က Corolla ၏ ခန့်ထည်စွာတည်ရှိမှုကို ပေါ်လွင်စေသလို ချောမွတ်တောက်ပြောင်ကာ ဘေးစွန်းကွေးနေသော ရှေ့မီးများနှင့် အပြန့်ကျယ်သော ဘန်ပါထောင့်ချိုးများကလည်း ယာဉ်၏ ကျယ်ဝန်းသော တည်ရှိမှုကို ပိုမိုထင်ရှားစေပါသည်။
LED ရှေ့မီး နှင့် နေ့အချိန်လင်းမီးများ
အဆင့်မြင့် LED မီးနည်းပညာများက ညအချိန်တွင် မြင်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေပြီး စွမ်းအင်သုံးစွဲမှုကိုလည်း လျော့ကျစေပါသည်။
LED Light Guide နည်းပညာသုံး နေ့လင်းမီးနှင့် ခရိုမီယံအလှဆင်ပစ္စည်းတို့က ထင်ရှားသည့် Jနှစ်ထပ်ပုံသဏ္ဍာန်ကို ဖန်တီးပေးပါသည်။
၁၇ လက်မ အလူမီနီယံဘီး
မည်းနက်တောက်ပပြီး ချောမွတ်နေသော နှစ်ချောင်းတွဲစမုတ်တံများက ဇိမ်ခံကားအသွင်ကိုသာမက ပြိုင်ကားအသွင်သဏ္ဍာန်ကိုပါ ဖော်ပြနေပါတယ်။
အနောက်ဘက်ဒီဇိုင်း
ကျယ်ပြန့်စွာ အစွန်းထွက်နေသော အနောက်ဘက်ပေါင်းစပ်မီးများနှင့် ဘန်ပါထောင့်ချိုးများ အဖျားရှုးသွားသော ကိုယ်ထည်နှင့် တွဲဖက်လိုက်သောအခါ ကျယ်ပြန့်ပြီး ခန့်ထည်သည့် တည်ရှိမှုကို ဖန်တီးပေးပါသည်။
အနောက်ဘက် ပေါင်းစပ်မီးများ
ခရိုမီယံ နံပါတ်ပြားဘောင်တန်းနှင့် multi-LED နောက်မီးတို့ကို အတက်အကျညီညီ ပုံဖော်ထားခြင်းက အနုစိပ်ပြုလုပ်ထားမှုကို ခံစားရစေပြီး အထင်ကြီးဖွယ်ရာ သွင်ပြင်တစ်ခုကို ဖန်တီးပေးပါသည်။
TNGA မြင်နိုင်စွမ်း – အပြင်ဘက်မှန်များ
အပြင်ဘက်မှန်များကို တြိဂံပုံဘောင်ကွက်မှ တံခါးဘောင်ကွက်သို့ ပြန်လည်နေရာချထားပေးသည့်အတွက် အရှေ့ ပြတင်းတိုင်ပတ်လည်တွင် မြင်ကွင်းကို ပိုမိုရှင်းလင်းစေပါသည်။

