[TSS] ယာဉ်တိုက်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ပေးသည့်စနစ် (PCS)

[TSS] အလိုအလျောက် အရှိန်နှုန်းထိန်းစနစ် (DRCC)

[TSS] ယာဉ်ကြော ပြောင်းလဲသွားခြင်းအချက်ပြစနစ် (LDA)

မောင်းနှင်-စက်နှိုးခြင်း ထိန်းချုပ်စနစ်

တောင်ဆင်းအကူထိန်းချုပ်စနစ် (DAC)

တောင်တက်အကူထိန်းချုပ်စနစ် (HAC)

ယာဉ်တည်ငြိမ်မှု ထိန်းချုပ်စနစ် (VSC)

နောက်တွဲယာဉ်ယမ်းခါမှုထိန်းချုပ်စနစ် (TSC)

SRS လေအိတ်များ

နောက်ဘက်မော်နီတာ

[TSS] Pre-collision System (PCS)

[TSS] ယာဉ်တိုက်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ပေးသည့်စနစ် (PCS)

ရှေ့တွင်ရှိသော ယာဉ်များ (နေ့နှင့် ည) ကို မီလီမီတာလှိုင်းရေဒါနှင့် မိုနိုကူလာကင်မရာဆင်ဆာများဖြင့် အာရုံခံရှာဖွေပေးပါသည်။ စနစ်သည် မြင့်မားသည့်အရာဝတ္ထုတစ်ခုနှင့် ရှေ့ပိုင်းတွင် တိုက်မိနိုင်ခြေကို စူးစမ်းတွက်ချက်မိပါက ယာဉ်မောင်းကို ရှောင်ကွင်းမောင်းနှင်နိုင်ရန် အသိပေးပြီး ယာဉ်တိုက်မှုမဖြစ်စေရန် ဘရိတ်ဖိအားစွမ်းရည်ကို တိုးမြှင့်ပေးပါသည်။ စနစ်သည် အလွန်မြင့်မားသော အရာဝတ္ထုတစ်ခုနှင့် ရှေ့ပိုင်းတွင် တိုက်မိနိုင်ခြေကို စူးစမ်းတွက်ချက်မိပါက ယာဉ်တိုက်မှုမဖြစ်စေရန် သို့မဟုတ် ယာဉ်တိုက်မှု၏အကျိုးဆက်ကို လျှော့ချပေးနိုင်ရန် ဘရိတ်များကို အလိုအလျောက် ဖိအားသက်ရောက်ပေးမည်ဖြစ်သည်။

[TSS] Dynamic Radar Cruise Control (DRCC)

[TSS] အလိုအလျောက် အရှိန်နှုန်းထိန်းစနစ် (DRCC)

ရှေ့တွင်ရှိသောယာဉ်များကို အာရုံခံရှာဖွေနိုင်ရန် မီလီမီတာလှိုင်းရေဒါနှင့် မိုနိုကူလာကင်မရာဆင်ဆာများနှင့်အတူ DRCC ကို တပ်ဆင်ထားပါသည်၊ ရှေ့တွင်ရှိသောယာဉ်မှ စိတ်ချရသောအကွာအဝေးတစ်ခု၌ ဆက်လက်တည်ရှိနေစေလျက် နောက်မှလိုက်နိုင်စေရန် ကူညီပေးပါသည်။

[TSS] Lane Departure Alert (LDA)

[TSS] ယာဉ်ကြော ပြောင်းလဲသွားခြင်းအချက်ပြစနစ် (LDA)

ယာဉ်မောင်းက ကွေ့ခြင်းအချက်မီးမပြဘဲ ယာဉ်သည် လမ်းကြောင်းမှ ပြောင်းသွားသောအခါ ဤစနစ်သည် အချက်ပေးသံနှင့် အချက်ပြမီးခွက်တို့ဖြင့် ယာဉ်မောင်းသူကို သတိပေးပါသည်။ စနစ်သည် ယာဉ်ကြော ပြောင်းလဲသွားခြင်းမရှိအောင် ယာဉ်မောင်းကို ကူညီပေးရန်အတွက် ဘရိတ်အားကိုလည်း သက်ရောက်အသုံးပြုပေးပါသည်။

Drive-start Control

မောင်းနှင်-စက်နှိုးခြင်း ထိန်းချုပ်စနစ်

အရှိန်မြှင့်မောင်းနှင်နေစဉ် ပုံမှန်မဟုတ်သော ဂီယာပြောင်းမှု (R->D, D->R, N->R, P->D, P->R) ကို အာရုံခံသိရှိလျှင် မီတာဖန်သားပြင်တွင် သတိပေးချက်ပေါ်လာပြီး အရှိန်မြှင့်တင်ခြင်းကို ကန့်သတ်ရန်နှင့် ယာဉ်တိုက်မှုမဖြစ်စေရန် အင်ဂျင်ရုန်းအားကို လျှော့ချပေးပါသည်။

Downhill Assist Control (DAC)

တောင်ဆင်းအကူထိန်းချုပ်စနစ် (DAC)

မတ်စောက်သော၊ ချောနေသော သို့မဟုတ် ခလုတ် ကန်သင်းများသော ဆင်ခြေလျှောများကို ဆင်းနေစဉ်တွင် နှေးကွေးသော ယာဉ်အရှိန်ကို ထိန်းထားရန် ကူညီပေးပါသည်၊ ယာဉ်မောင်းကို စတီယာရင်ထိန်းချုပ်မောင်းနှင်မှုများအပေါ်တွင် အာရုံစိုက်နိုင်ရန်လည်း ကူညီပေးပါသည်။

Hill-start Assist Control (HAC)

တောင်တက်အကူထိန်းချုပ်စနစ် (HAC)

မတ်စောက်သော တောင်များ သို့မဟုတ် ချောနေသာ မျက်နှာပြင်များကို တက်သောအခါ ယာဉ်မောင်းက ဘရိတ်မှ အရှိန်မြှင့်လီဗာသို့ ပြောင်းခြင်းနှင့်အတူ HAC သည် ဘရိတ်ဖိအားကိုထိန်းချုပ်ခြင်းဖြင့် ယာဉ်နောက်ပြန်လိမ့်ကျမှုကို အနည်းဆုံးအထိ လျှော့ချပေးပါသည်။

Vehicle Stability Control (VSC)

ယာဉ်တည်ငြိမ်မှု ထိန်းချုပ်စနစ် (VSC)

လမ်းကွေ့တွင် အင်ဂျင်ပါဝါနှင့် ဘီးတစ်ဘီးချင်းဆီသို့သက်ရောက်သည့် ဘရိတ်အားတို့ကို အလိုအလျောက်ချိန်ညှိခြင်းဖြင့် ယာဉ်၏ဦးတည်ရာကို တစ်သတ်မှတ်တည်းထိန်းထားနိုင်ရန် ကူညီပေးပြီး ရုတ်တရက် အကွေ့ကြီး၌ သို့မဟုတ် စိုစွတ်သောမျက်နှာပြင်၌ပင် ယာဉ်ကိုလမ်းကြောင်းပေါ်တွင် ဆက်လက်ရှိနေအောင် ထိန်းထားပေးပါသည်။

Trailer Sway Control (TSC)

နောက်တွဲယာဉ်ယမ်းခါမှုထိန်းချုပ်စနစ် (TSC)

ဝန်ပိုတင်ခြင်း၊ ဘေးတိုက်လေတိုက်ခြင်းများ သို့မဟုတ် အန္တရာယ်များသော လမ်းအခြေအနေများကြောင့် ယမ်းခါမှုကို မကြာခဏဖြစ်စေပါသည်။ ထိုကဲ့သို့သောအခြေအနေများတွင် နောက်တွဲယာဉ်ယမ်းခါမှုထိန်းချုပ်စနစ် (TSC) ၏ အာရုံခံကိရိယာသည် နောက်တွဲယာဉ်ယမ်းခါမှုကို အနည်းဆုံးအထိလျှော့ချရန်နှင့် ယာဉ်တည်ငြိမ်မှုကို ထိန်းထားရန် ဘရိတ်ဖိအားနှင့် အင်ဂျင်ရုန်းအားကို အလိုအလျောက် ချိန်ညှိပေးပါသည်။

SRS Airbags

SRS လေအိတ်များ

FORTUNER ကို SRS ယာဉ်မောင်းသူလေအိတ်၊ SRS ရှေ့ခရီးသည်လေအိတ်၊ SRS ဒူးလေအိတ် (ယာဉ်မောင်းထိုင်ခုံ) များဖြင့် တပ်ဆင်ထုတ်လုပ်ထားပါသည်။
SRS ဘေးဘက်လေအိတ်များ (ရှေ့ထိုင်ခုံများ) နှင့် SRS လိုက်ကာသဖွယ်လေအိတ်များ (ရှေ့နှင့်နောက် ထိုင်ခုံများ) လည်း တပ်ဆင်ပါရှိပါသည်။

Back Monitor

နောက်ဘက်မော်နီတာ

၉၀ ဒီဂရီထောင့်တွင် ပါကင်ထိုးသောအခါ သို့မဟုတ် လမ်းနှင့်အပြိုင် ယာဉ်နှစ်စီးကြားတွင် ပါကင်ထိုးသောအခါ ယာဉ်၏နောက်တွင် ထည့်သွင်းတပ်ဆင်ထားသည့် ကင်မရာဖြင့်ရိုက်ယူလိုက်သော မြင်ကွင်းကို ဖန်သားပြင်တွင် ပြသပေးခြင်းဖြင့် လွယ်ကူချောမွေ့သော နောက်ဆုတ်ခြင်းလုပ်ငန်းစဉ်များကို ကူညီလုပ်ဆောင်ပေးပါသည်။

Close

Toyota ၏ ဘေးကင်းလုံခြုံရေးအာရုံခံစနစ် (Toyota Safety Sense) အစီအစဉ်တွဲနှင့် အခြားဘေးကင်းလုံခြုံရေးလုပ်ဆောင်ချက်များနှင့်အတူ ယာဉ်မောင်းနှင့် ခရီးသည်များကို စိတ်အေးလုံခြုံစေခြင်း။