မောင်းနှင်သူထိုင်သည့်နေရာဒီဇိုင်း

စတီယာရင်ဘီးပေါ်ရှိခလုတ်များ

စက်နှိုးခြင်းခလုတ်

ပေါင်းစပ်မီတာ

၈ လက်မမျက်နှာပြင် အော်ဒီယိုဖန်သားပြင်

အလိုအလျောက် လေအေးပေးစက်

သားရေထိုင်ခုံနှင့် ပါဝါယာဉ်မောင်းထိုင်ခုံ

တစ်ချက်နှိပ်ရုံဖြင့် လှန်ခေါက်နိုင်သော ဒုတိယတန်း ထိုင်ခုံကြီး

ယာဉ်အတွင်း မီးစနစ်

ထိုင်ခုံစီစဉ်နေရာချထားခြင်း

အထုပ်အပိုးထားရန် နေရာ

မောင်းနှင်သူထိုင်သည့်နေရာဒီဇိုင်း

မောင်းနှင်သူထိုင်သည့်နေရာဒီဇိုင်း

မောင်းနှင်သူဖက်သို့မျက်နှာမူထားသည့်ထိန်းချုပ်ဘောင်ကွက်သည် မောင်းနှင်သူ၏ ထိုင်ခုံမှ ဘေးဘက်သို့ ပြန့်ကားသွားပြီး ပြီးပြည့်စုံသည့် လွတ်လပ်သောခံစားမှုရှိစေမည့် မောင်းနှင်သူထိုင်သည့်နေရာကို ဖန်တီးပေးသည်။ အပြောက်အမွမ်း များကို နေရာ အများအပြားတွင် ထည့်သွင်းထားပြီး ဇိမ်ကျသည့် ခံစားမှုကို ထင်ဟပ်စေသည်။

စတီယာရင်ဘီးပေါ်ရှိခလုတ်များ

စတီယာရင်ဘီးပေါ်ရှိခလုတ်များ

စတီယာရင်ဘီးအတွင်းပေါင်းစပ်ထည့်သွင်းထားသည့် မြှား 4 ခုဖြင့် ပြထားသော ခလုတ်ကြောင့် အခြားသော လုပ်ဆောင်ချက်များကြားတွင် သတင်းအချက်အလက် မျိုးစုံပြသသည့်မျက်နှာပြင်ကို လွယ်ကူစွာ ချိန်ညှိနိုင်မည်ဖြစ်သည်။

စက်နှိုးခြင်းခလုတ်

စက်နှိုးခြင်းခလုတ်

ခလုတ်နှိပ်ခြင်းဖြင့် အင်ဂျင်ကို စက်နှိုးနိုင်စေမည်ဖြစ်သည်။

ပေါင်းစပ်မီတာ

ပေါင်းစပ်မီတာ

ဖတ်ရှုရလွယ်ကူသောမီတာများနှင့် 4.2-လက်မ အရောင်ပါရှိသော TFT (ပါးလွှာသော ဖလင်ထရန်စစ္စတာ) သတင်းအချက်အလက်မျိုးစုံပြသသောမျက်နှာပြင်ကြောင့် မောင်းနှင်သူ သည် တစ်ချက်ကြည့်ရုံဖြင့် မရှိမဖြစ် လိုအပ်သော မော်တော်ယာဉ်ဆိုင်ရာ သတင်းအချက်အလက်များကို သိရှိနိုင်မည်ဖြစ်သည်။ ပတ်ဝန်းကျင်အား မထိခိုက်စေ သော မောင်းနှင်ခြင်းအချက်ပြကိရိယာသည် ပတ်ဝန်းကျင်အားမထိခိုက်ပဲ မောင်းနှင်နိုင် စေရန် ပံ့ပိုးကူညီပေးသည်။

၈ လက်မမျက်နှာပြင် အော်ဒီယိုဖန်သားပြင်

၈ လက်မမျက်နှာပြင် အော်ဒီယိုဖန်သားပြင်

ပြင်ပစက်ပစ္စည်းများနှင့် ပိုမိုကောင်းမွန်စွာ ချိတ်ဆက်နိုင်ခြင်းကဲ့သို့သော မာလ်တီမီဒီယာခေတ်၏ အဆင့်မြင့်မားလာသည့် လိုအပ်ချက်များနှင့်ကိုက်ညီသော အော်ဒီယိုစနစ်ကို ထည့်သွင်းတပ်ဆင်ထားပါသည်။

အလိုအလျောက် လေအေးပေးစက်

အလိုအလျောက် လေအေးပေးစက်

အရှေ့ဘက်နှင့် အနောက်ဘက် အလိုအလျောက်လေအေးပေးစနစ်သည် လိုက်ပါစီးနင်းသူတိုင်း အတွက် သက်တောင့်သက်သာရှိမည့် ကားအတွင်းခန်း အပူချိန်ကို ထိန်းထားပေးသည်။

သားရေထိုင်ခုံနှင့် ပါဝါယာဉ်မောင်းထိုင်ခုံ

သားရေထိုင်ခုံနှင့် ပါဝါယာဉ်မောင်းထိုင်ခုံ

အထူးလက်ရာမြောက်သော သားရေထိုင်ခုံများသည် ဇိမ်ကျပြည့်စုံသော ယာဉ်အတွင်းခန်းအခြေအနေကို ပိုမိုကောင်းမွန်စေပါသည်။ ယာဉ်မောင်းထိုင်ခုံအတွက် ပါဝါဖြင့်ချိန်ညှိနိုင်ခြင်းသည် မောင်းနှင်ရာတွင် သက်တောင့်သက်သာရှိစေပါသည်။

တစ်ချက်နှိပ်ရုံဖြင့် လှန်ခေါက်နိုင်သော ဒုတိယတန်း ထိုင်ခုံကြီး

တစ်ချက်နှိပ်ရုံဖြင့် လှန်ခေါက်နိုင်သော ဒုတိယတန်း ထိုင်ခုံကြီး

Innova ၏ကောင်းမွန်စွာနေရာချထားပြီး စိတ်အေးသက်သာရှိစေသော ကားအတွင်းပိုင်း ကို အရည်အသွေးမြင့် MPV ကားတစ်စီးအတွက်သင့်တော်သည့် ခေတ်မီသော စိတ်ခံစားမှု ရရှိစေနိုင်သော နေရာကျယ်ဝန်းသည့် သက်တောင့်သက်သာဖြစ်မှုကိုပါ ရောနှောထည့်သွင်းပေးထားသည်။

ယာဉ်အတွင်း မီးစနစ်

ယာဉ်အတွင်း မီးစနစ်

လိုက်ပါစီးနင်းသူများ၏ပတ်ပတ်လည်တွင် ကားအတွင်းခန်းမီးကို စီစဉ်ထားရှိပြီး ဇိမ်ကျ သည့် ခံစားမှုကို ဖော်ညွှန်းနိုင်စေရန် အတွက် အရှေ့ဘက်ရှိ ကြည်လင်သော အပြာရောင် မီးနှင့်လည်း ပေါင်းစပ်၍ လုပ်ဆောင်သည်။

ထိုင်ခုံစီစဉ်နေရာချထားခြင်း

ထိုင်ခုံစီစဉ်နေရာချထားခြင်း

ဝန်အများအပြားတင်ဆောင်နိုင်စေရန်အတွက် ထိုင်ခုံများကို စီစဉ်ထားရှိနိုင်သည်။ ဥပမာအားဖြင့် ရှည်မျောမျောပစ္စည်းများကိုသယ်ရန်ရန်အတွက် နေရာလွတ် ကြီးကြီးမားမားဖန်တီးရန်နှင့် အထုပ်အပိုးထည့်သည့်နေရာချဲ့ထွင်ရန်အတွက် ဒုတိယတန်းနှင့် တတိယတန်းထိုင်ခုံကျောမှီများကို ခေါက်ထားနိုင်သည်။ ယာဉ်မောင်းနှင်သူ၏ထိုင်ခုံသည်လည်း နေရာကျယ်ဝန်းသောကြောင့် ခရီးရှည် သွားလာရာတွင် သက်တောင့်သက်သာရှိနိုင်မည်ဖြစ်သည်။

အထုပ်အပိုးထားရန် နေရာ

အထုပ်အပိုးထားရန် နေရာ

တတိယတန်းရှိထိုင်ခုံများကို နေရာချဲ့ နိုင်သည့်လုပ်ဆောင်ချက်ကြောင့် အပို ထည့်သွင်းနိုင်သည့် နေရာတွင် သိမ်းဆည်းနိုင်ပြီး ဒုတိယတန်းရှိ ထိုင်ခုံများကို လက်ကိုင်များမပါပဲ ခေါက်နိုင်သောကြောင့် အထုပ်အပိုး ထားသည့်နေရာလွတ် နေရာအများအပြား ဖန်တီးနိုင်သည်။

Close

အလွန်သက်တောင့်သက်သာရှိမှုနှင့် မြှင့်တင်ထားသောအရည်အသွေးတို့တွင် အနားယူလိုက်ပါ။
လမ်းပေါ်ရှိသင့်အချိန်များတွင် ထူးခြားပျော်ရွှင်နေရစေရန်အတွက် အဆိုပါနေရာလွတ်ကို ဒီဇိုင်းဖန်တီးပြုလုပ်ထားခြင်းဖြစ်သည်။