တောင်တက်အကူထိန်းချုပ်စနစ် (HAC)

ယာဉ်တည်ငြိမ်မှုထိန်းချုပ်စနစ် (VSC)

အီလက်ထရွန်နစ်ဘရိတ်အားဖြန့်ဝေခြင်းစနစ် (EBD) ပါရှိသော လော့မကျပဲ ဘရိတ်ဖမ်းနိုင် သည့်စနစ် (ABS)

နောက်ဘက်မြင်ကွင်း ကင်မရာစနစ်

ပါကင်ထိုးရန်ကူညီထောက်ပံ့မှုအာရုံခံကိရိယာ

SRS လေအိတ်များ

တောင်တက်အကူထိန်းချုပ်စနစ် (HAC)

တောင်တက်အကူထိန်းချုပ်စနစ် (HAC)

မတ်စောက်သော တောင်များ သို့မဟုတ် ချောနေသာ မျက်နှာပြင်များကို တက်သောအခါ ယာဉ်မောင်းက ဘရိတ်မှ အရှိန်မြှင့်လီဗာသို့ ပြောင်းခြင်းနှင့်အတူ HAC သည် ဘရိတ်ဖိအားကိုထိန်းချုပ်ခြင်းဖြင့် ယာဉ်နောက်ပြန်လိမ့်ကျမှုကို အနည်းဆုံးအထိ လျှော့ချပေးပါသည်။

ယာဉ်တည်ငြိမ်မှုထိန်းချုပ်စနစ် (VSC)

ယာဉ်တည်ငြိမ်မှုထိန်းချုပ်စနစ် (VSC)

လမ်းကွေ့တွင် အင်ဂျင်ပါဝါနှင့် ဘီးတစ်ဘီးချင်းဆီသို့သက်ရောက်သည့် ဘရိတ်အားတို့ကို အလိုအလျောက်ချိန်ညှိခြင်းဖြင့် ယာဉ်၏ဦးတည်ရာကို တစ်သတ်မှတ်တည်းထိန်းထားနိုင်ရန် ကူညီပေးပြီး ရုတ်တရက် အကွေ့ကြီး၌ သို့မဟုတ် စိုစွတ်သောမျက်နှာပြင်၌ပင် ယာဉ်ကိုလမ်းကြောင်းပေါ်တွင် ဆက်လက်ရှိနေအောင် ထိန်းထားပေးပါသည်။

အီလက်ထရွန်နစ်ဘရိတ်အားဖြန့်ဝေခြင်းစနစ် (EBD) ပါရှိသော လော့မကျပဲ ဘရိတ်ဖမ်းနိုင် သည့်စနစ် (ABS)

အီလက်ထရွန်နစ်ဘရိတ်အားဖြန့်ဝေခြင်းစနစ် (EBD) ပါရှိသော လော့မကျပဲ ဘရိတ်ဖမ်းနိုင် သည့်စနစ် (ABS)

အီလက်ထရွန်နစ်ဘရိတ်အားဖြန့်ဝေခြင်းစနစ် (EBD) ပါရှိသော လော့မကျပဲ ဘရိတ်ဖမ်းနိုင်သည့်စနစ် (ABS) ကြောင့် ဘရိတ်ဖမ်းသောအခါ မော်တော်ယာဉ် တည်ငြိမ်မှုကိုထိန်းထားနိုင်ပြီး ယာဉ်မောင်းနှင်သူ ကိုင်တွယ်ထိန်းချုပ်ရာတွင် အကူအညီဖြစ်စေမည်ဖြစ်သည်။

နောက်ဘက်မြင်ကွင်း ကင်မရာစနစ်

နောက်ဘက်မြင်ကွင်း ကင်မရာစနစ်

၉၀ ဒီဂရီထောင့်တွင် ပါကင်ထိုးသောအခါ သို့မဟုတ် လမ်းနှင့်အပြိုင် ယာဉ်နှစ်စီးကြားတွင် ပါကင်ထိုးသောအခါ ယာဉ်၏နောက်တွင် ထည့်သွင်းတပ်ဆင်ထားသည့် ကင်မရာဖြင့်ရိုက်ယူလိုက်သော မြင်ကွင်းကို ဖန်သားပြင်တွင် ပြသပေးခြင်းဖြင့် လွယ်ကူချောမွေ့သော နောက်ဆုတ်ခြင်းလုပ်ငန်းစဉ်များကို ကူညီလုပ်ဆောင်ပေးပါသည်။

ပါကင်ထိုးရန်ကူညီထောက်ပံ့မှုအာရုံခံကိရိယာ

ပါကင်ထိုးရန်ကူညီထောက်ပံ့မှုအာရုံခံကိရိယာ

ယာဉ်အနောက်ဘက်ရှိ အာရုံခံကိရိယာမှ ယာဉ်နောက်ဆုတ်ရာတွင်ရှိနိုင်သော အတားအဆီးများကို ယာဉ်မောင်းသူထံသို့အချက်ပေးခြင်းဖြင့် နောက်ကင်မရာပြဖန်သားပြင်တွင် ကားနောက်ပိုင်းမြင်ကွင်းကို ပြသပေးပါသည်။ ထို့အပြင် ယာဉ်၏မည်သည့်ထောင့်မှမဆို အတားအဆီးများဝင်ရောက်လာပါက ရှေ့နှင့်နောက်ထောင့်များရှိ အာရုံခံကိရိယာများမှ ယာဉ်မောင်းသူထံသို့ အသံဖြင့်အချက်ပေးပါသည်။ ၎င်းအဂါင်္ရပ်များကြောင့် ယာဉ်ကို ပိုမိုချောမွေ့စွာ နောက်ဆုတ်နိုင်မည်ဖြစ်ပါသည်။

SRS လေအိတ်များ

SRS လေအိတ်များ

Innova တွင် SRS ယာဉ်မောင်းနှင်သူလေအိတ်၊ SRS ကားအရှေ့ခန်းမှလိုက်ပါ စီးနင်းသူလေအိတ်၊ ကားအရှေ့ခန်းမှ လိုက်ပါစီးနင်းသူများ အတွက် SRS ဘေးဘက် လေအိတ်များ၊ ကားအရှေ့ခန်းနှင့်အနောက်ခန်းမှ လိုက်ပါစီးနင်းသူများအတွက် ပြတင်းကာ လေအိတ်များနှင့် ယာဉ်မောင်းနှင်သူအတွက် SRS ဒူးနေရာရှိလေအိတ်တို့ ပါဝင်သည်။

Close

ယာဉ်တိုက်မှုမဖြစ်အောင် ကာကွယ်ပေးသော၊ ယာဉ်တိုက်မှုဖြစ်ပွားလျှင် စီးနင်းလိုက်ပါလာသူများကို ကာကွယ်ပေးသော ပြည့်စုံလုံလောက်သည့် ဘေးကင်းလုံခြုံရေးအင်္ဂါရပ်များနှင့်အတူ လမ်းအခြေအနေအမျိုးမျိုးနှင့် မောင်းနှင်မှုအခြေအနေများတွင် ယာဉ်မောင်းသူကို ကူညီပေးနိုင်ရန်အတွက် Innova ကို ဖန်တီးထုတ်လုပ်ထားပါသည်။