အရှေ့လေခွင်းအကာ (Spoiler) နှင့် သံဇကာ (Grille) (VX-R အထူးသီးသန့်)
ဘေးဘက်ခြေနင်းပြားတွင် မီးများတပ်ဆင်ထားခြင်း (VX-R အထူးသီးသန့်)
၂၀ လက်မ အလူမီနီယံကားဘီးများ (VX-R အထူးသီးသန့်)
အနောက်ဘမ်ပါလေခွင်းအကာ (Spoiler) (VX-R အထူးသီးသန့်)
လျှပ်စစ်အားသုံး နောက်ခန်းတံခါး
အရှေ့လေခွင်းအကာ (Spoiler) နှင့် သံဇကာ (Grille) (VX-R အထူးသီးသန့်)
“King of 4WD” ရဲ့ ခန့်ထည်ပြီး ကောင်းစွာပုံဖော်ထားသော အရှေ့ဘက်မျက်နှာပြင်တစ်ခု ဖန်တီးဖို့ VX-R grade အတွက် အရှေ့ဘမ်ပါလေခွင်းအကာ (Spoiler) နှင့် သံဇကာ (Grille) တို့ကို သီးသန့်ဒီဇိုင်းရေးဆွဲထားပါသည်။
ဘေးဘက်ခြေနင်းပြားတွင် မီးများတပ်ဆင်ထားခြင်း (VX-R အထူးသီးသန့်)
VX-R grade အတွက် မီးများတပ်ဆင်ထားပြီး Plastic ဖြင့် အပြည့်ဖုံးအုပ်ထားသော ဘေးဘက်ခြေနင်းပြားများက ကားအဝင် အထွက်ကို ချောမွေ့စေပါသည်။ ဘေးဘက်ခြေနင်းပြားများကို ကိုယ်ထည်နှင့် တွဲထားပုံက တည်ငြိမ်မှုရှိသည်ကို ပေါ်လွင်စေသည်။
၂၀ လက်မ အလူမီနီယံကားဘီးများ (VX-R အထူးသီးသန့်)
VX-R grade အတွက် သီးသန့်ဖြစ်တဲ့ ၂၀ လက်မ အလူမီနီယံကားဘီးများနှင့် 285/50R20 တာယာများက Land Cruiser လို ကားမျိုး၏ အောက်ခံကိုယ်ထည်နဲ့သာ သင့်တော်တဲ့ ခန့်ထည်ပြီး အရည်အသွေးကောင်းမွန်ပုံကို မြင်သာစေသည်။
အနောက်ဘမ်ပါလေခွင်းအကာ (Spoiler) (VX-R အထူးသီးသန့်)
VX-R grade အတွက် အထူးဒီဇိုင်းရေးဆွဲထားသော အနောက်ဘမ်ပါလေခွင်းအကာ (Spoiler) က ကားအနောက်ဘက်ပုံသဏ္ဍာန်ကို ကြော့ရှင်းခန့်ထည်စေပြီး တည်ငြိမ်မှုကို ပိုမိုပေါ်လွင်စေသည်။
လျှပ်စစ်အားသုံး နောက်ခန်းတံခါး
တံခါးကျပ်နေခြင်းများ မဖြစ်နိုင်သည့် နောက်ခန်းတံခါးကို အဝေးထိန်းခလုတ်ဖြင့် ဖွင့်နိုင်၊ ပိတ်နိုင်သလို တံခါးအောက်ဘက်အစွန်းရှိ ခလုတ်ဖြင့်လည်း ပိတ်နိုင်သည်။ သက်သောင့် သက်သာရှိစေသလို ဘေးကင်းလုံခြုံစေသည်။

