1GD-FTV အင်ဂျင်

အော်တိုဂီယာ ၆ ချက်

ဆိုင်းထိန်း / ဘရိတ်များ

အကျဉ်းဆုံး ချိုးကွေ့နိုင်စွမ်း (တာယာများ)

အဆင့်အမြင့်ဆုံး ငြိမ့်ညောင်းမှု

1GD-FTV Engine

1GD-FTV အင်ဂျင်

1GD-FTV အင်ဂျင်သည် ဆီစားပိုမိုသက်သာစေပြီး စက်သံကိုလည်း ပိုမိုညက်ညောစေပါသည်။ စွမ်းအားအပြည့်နှင့် လုပ်ဆောင်ပေးသည့် အတွင်းပိုင်း အအေးပေးစက်ပါဝင်သော တာဘိုချာဂျာကို အသုံးပြုထားပါသည်။

Output: 115kW / 3600rpm
အင်ဂျင်ရုန်းအား: 420Nm / 1600-2200rpm

6-speed Automatic Transmission

အော်တိုဂီယာ ၆ ချက်

လုပ်ဆောင်ချက် ပိုမိုကောင်းမွန်စေပြီး ဆီစားသက်သက်စေသော ဂီယာ ၆ ချက်ပါ အော်တိုဂီယာပါရှိပါသည်။ ဂီယာပြောင်းစနစ်သည် သာလွန်ကောင်းမွန်သော မောင်းနှင်မှုကိုလည်း ပေးစွမ်းပါသည်။

Suspension / Brakes

ဆိုင်းထိန်း / ဘရိတ်များ

အရှေ့ပိုင်းအတွက် MacPherson strut ဆိုင်းထိန်းကို အသုံးပြုထားပြီး အနောက်ပိုင်းအတွက် 4-link ကွိုင်ဆိုင်းထိန်းကို အသုံးပြုထားသည်။ ၎င်းတို့က ကားကို ကောင်းမွန်စွာ ထိန်းချုပ်မောင်းနှင်နိုင်စေပြီး ယာဉ်ကို တည်ငြိမ်စေပါသည်။ ထို့အပြင် ငြိမ့်ညောင်း၍ သက်သောင့်သက်သာရှိသော ခရီးစဉ်တစ်ခုကို ဖန်တီးပေးပါသည်။

အရှေ့နှင့် အနောက်ဘက်အတွက် ဒစ်ဘရိတ်များကို အသုံးပြုထားခြင်းက ဘရိတ်ကို ပိုမိုအားကောင်းစေသည်။

Minimum Turning Radius (Tires)

အကျဉ်းဆုံး ချိုးကွေ့နိုင်စွမ်း (တာယာများ)

Toyota Majesty ၏ အကျဉ်းဆုံး ချိုးကွေ့နိုင်စွမ်းကြောင့် လမ်းကျဉ်းများတွင် လွယ်ကူစွာ ထိန်းချုပ်မောင်းနှင်နိုင်ပါသည်။

Top Level Quietness

အဆင့်အမြင့်ဆုံး ငြိမ့်ညောင်းမှု

– Semi-bonneted ခေါင်းရှည်ကိုယ်ထည်အမျိုးအစားက အင်ဂျင်ခန်းနှင့် ကားအတွင်းခန်းကို ခွဲခြားထားပြီး အင်ဂျင်သံများ အတွင်းခန်းသို့ ဝင်ရောက်လာခြင်းကို ကာကွယ်ပေးပါသည်။
– အောက်ပိုင်းကို အပြည့်အဝဖုံးအုပ်ထားခြင်းကလည်း ယာဉ်၏ ငြိမ့်ညောင်းမှုကို မြှင့်တင်ပေးပါသည်။
– အသံများကို စုပ်၍ တိုးတိတ်စေသော ကိရိယာများကို စနစ်တကျတပ်ဆင်ထားခြင်းက လမ်းနှင့် အင်ဂျင်မှ ဆူညံသံများကို ကားအတွင်းခန်းထဲသို့ မဝင်ရောက်စေရန် ကာကွယ်ပေးပါသည်။
– ကြံ့ခိုင်မှုမြင့်မားသော ကားကိုယ်ထည်ဘောင်က အနေရခက်စေသည့် တုန်ခါခြင်းများကို ကာကွယ်ပေးပါသည်။

Close

ယုံကြည်စိတ်ချရသော အင်ဂျင်နှင့် အကောင်းဆုံး လုပ်ဆောင်ပေးမည့် အရည်အသွေးမြင့်ဆိုင်းထိန်းတို့ကြောင့် ခရီးရှည်သွားသောအခါများမှာပင် လုံခြုံဘေးကင်းပြီး သက်သောင့်သက်သာနှင့် ငြိမ့်ညောင်းသည့် မောင်းနှင်မှုမျိုး ဖြစ်စေပါသည်။