
ရှေ့ဒီဇိုင်း
LED ရှေ့မီးကြီးများနှင့် နေ့အချိန် လင်းနေသောမီး
LED မြူနှင်းခွဲမီး
အပြင်ဘက်ရှိ နောက်ကြည့်မှန်များ
ဘီးများ
နောက်ဘက်ပေါင်းစပ်မီး

ပိုမိုတက်ကြွနှစ်လိုဖွယ်ကောင်းခြင်းအတွက် သပ်ရပ်ကြော့မော့စွာ ဖမ်းစားထားခြင်း
ရှေ့မီးကြီးများ၊ အပေါ်သံဆန်ခါရှဲနှင့် အောက်သံဆန်ခါရှဲတို့ကို ညက်ညောပြေပြစ်စွာ ပေါင်းစည်းပြုလုပ်ထားပြီး သက်ဝင်လှုပ်ရှားခြင်းပုံစံသည် အသစ်စက်စက် VIOS ၏ ပြန့်ကားနှိမ့်ဆင်းနေသည့်ဟန်ပန်ကို အသားပေးထားပါသည်။ ထို့ပြင် ရှေ့မီးကြီးများ၊ မြူနှင်းခွဲမီးများနှင့် နေ့အချိန်လင်းနေသောမီးများတွင် LED မီးများကို ထည့်သွင်းအသုံးပြုထားပါသည်။
LED ရှေ့မီးသုံးလုံးနှင့် ထပ်တိုးပါရှိသည့် နေ့အချိန်လင်းနေသော LED မီး / ရှင်းလင်းအချက်ပြမီးသည် အသစ်စက်စက် VIOS ၏ ပြိုင်ဘက်ကင်းပြီး ပြိုင်ကားပုံစံလက္ခဏာရပ်များကို ဖော်ညွှန်းပြသနေပါသည်။
ဘမ်ပါထောင့်ချိုးအဝင်များတွင် သားနားသပ်ရပ်စွာ ဖွဲ့စည်းတပ်ဆင်ထားသော LED မြူနှင်းခွဲမီးများသည် ဆိုးရွားသော ရာသီဥတုများတွင် မြင်နိုင်စွမ်းအားကို ကောင်းမွန်အောင် ကူညီပေးပါသည်။
လျှပ်စစ်နည်းပညာဖြင့် ခေါက်သိမ်းနိုင်သော အပြင်ဘက်ရှိ နောက်ကြည့်မှန်များတွင် လေခွင်းအားကောင်းသည့် အလင်းကာဒီဇိုင်းကို စတိုင်လ်ကျအသုံးဝင်ခြင်းနှင့် ပေါင်းစပ်၍ အသုံးပြုထားပါသည်။
၁၅ လက်မရှိသော အလူမီနီယံဘီး ဒီဇိုင်းအသစ်များကို အသုံးပြုထားပါသည်။
သေးငယ်သည့် ပေါင်းစပ်မီးများသည် ကိုယ်ထည်ကျယ်ပြန့်စေသည့်ဟန်ပန်အတွက် ရည်ရွယ်ထားပြီး ကားနောက်မီးများကို LED လမ်းပြမီးများ၊ ကပ်လျက် LED ရပ်မီးများနှင့်အတူ ပေါင်းစပ်ပြုလုပ်ထားခြင်းဖြင့် ဂုဏ်သရေပြည့်စုံမှုကို ထင်ဟပ်ပြသလျက်ရှိပါသည်။
Specifications may vary from model(s) shown. Please contact the official dealer for more information.