အတွင်းပိုင်းဒီဇိုင်း

အတွင်းပိုင်း မီးထွန်းခြင်းစနစ်

လုပ်ဆောင်ချက်

အော်ဒီယိုဖန်သားပြင်

အလိုအလျောက် လေအေးပေးစက်

ထိုင်ခုံများ

USB အသုံးအဆောင်ပလတ်ပေါက်

ပစ္စည်းထားရန် နေရာ

အထုပ်အပိုးထားရန် နေရာ

အတွင်းပိုင်းဒီဇိုင်း

အတွင်းပိုင်းဒီဇိုင်း

ပြောင်လက်တောင်ပနေသော အနက်ရောင်ဖြင့် အရောင်တင်ထားသည့် အလယ်ပိုင်း ကိရိယာများထားရာနေရာကို ငွေရောင်အရင့်ဖြင့် အလှဆင်ခြင်းနှင့်အတူ ဘယ်မှညာသို့ အနုစိပ်မွမ်းမံထားသည်။ လုံးဝစိတ်ချရသော လုံခြုံမှုခံစားချက်နှင့် အရည်အသွေးကောင်းမွန်ခြင်းခံစားချက်တို့ကို ဖော်ဆောင်ပေးနေသော ဒီဇိုင်းပင်ဖြစ်ပါသည်။ ငွေရောင်အရင့်ဖြင့် အလှဆင်ပုံဖော်ထားခြင်းသည် အတွင်းပိုင်းတစ်ခုလုံး လိုက်ဖက်တင့်တယ်သောအသွင်ကို ဆောင်နေပါသည်။

အတွင်းပိုင်း မီးထွန်းခြင်းစနစ်

အတွင်းပိုင်း မီးထွန်းခြင်းစနစ်

ရှေ့ထိုင်ခုံနှစ်ခုကြားရှိ ခွက်ထားရန်နေရာများကို LED မီးပန်းဖြင့် တပ်ဆင်ထုတ်လုပ်ထားပြီး အဆင့်မြင့်နည်းပညာရပ်ဝန်းတစ်ခုကို ဖော်ဆောင်ပေးနေပါသည်။

လုပ်ဆောင်ချက်

လုပ်ဆောင်ချက်

(A) စမတ်စနစ်ဖြင့် ဝင်ခြင်းနှင့် စက်နှိုးခြင်းစနစ်
(B) အချက်အလက်များစွာဖော်ပြပေးသော LED နောက်ခံမီးရောင်ပါ မီတာများ

အော်ဒီယိုဖန်သားပြင်

အော်ဒီယိုဖန်သားပြင်

ပြင်ပစက်ပစ္စည်းများနှင့် ပိုမိုကောင်းမွန်စွာ ချိတ်ဆက်နိုင်ခြင်းကဲ့သို့သော မာလ်တီမီဒီယာခေတ်၏ အဆင့်မြင့်မားလာသည့် လိုအပ်ချက်များနှင့်ကိုက်ညီသော အော်ဒီယိုစနစ်ကို ထည့်သွင်းတပ်ဆင်ထားပါသည်။

အလိုအလျောက် လေအေးပေးစက်

အလိုအလျောက် လေအေးပေးစက်

သန့်စင်သော လေအား စစ်ထုတ်ပေးသည့် ကိရိယာပါရှိသော စတိုင်ကျပြီး အသုံးပြုရ လွယ်ကူသည့် အော်တိုလေအေးပေးစက်သည် ကားအတွင်းခန်းရှိ လေအားသန့်ရှင်းစေ ပြီးသက်တောင့်သက်သာရှိစေမည့်အပူချိန်အား ထိန်းထားပေးသည်။ ခလုတ်များနှင့် အဆင်တန်ဆာများအား ပေါင်းစပ်ထည့်သွင်းထားပြီး ပိုမို၍လွယ်လွယ်ကူကူလုပ်ဆောင်နိုင် စေရန်အတွက် အကောင်းဆုံးနေရာချတပ်ဆင်ထားသည်။

ထိုင်ခုံများ

ထိုင်ခုံများ

ကောင်းစွာနေရာချထားသော ကားအတွင်းပိုင်းသည် ခရီးသည်များအတွက် ပိုမိုကျယ်ဝန်းသော ပခုံးမှီသည့်နေရာကို ပေးစွမ်းပါသည်။ ထို့ပြင် နောက်ထိုင်ခုံနှင့် ခေါင်းမှီပုံစံများကိုလည်း အဆင့်မြှင့်ထားပါသည်။ Vios ၏ အကောင်းဆုံးအတွင်းပိုင်းသည် လိုက်ပါစီးနင်းသူအားလုံးအတွက် ထူးကဲသာလွန်သော ဇိမ်ကျသက်သာမှုကို ပေးစွမ်းပါသည်။

USB အသုံးအဆောင်ပလတ်ပေါက်

USB အသုံးအဆောင်ပလတ်ပေါက်

ရှေ့ထိုင်ခုံနှစ်ခုကြားရှိ ပစ္စည်းထားရာနေရာ၏ နောက်တွင်ပါရှိသော USB တွဲဖက်သုံးပစ္စည်း ဆော့ကတ်များသည် နောက်ခန်းမှခရီးသည်များအား ပိုမိုအဆင်ပြေစွာ အသုံးပြုနိုင်စေပါသည်။

ပစ္စည်းထားရန် နေရာ

ပစ္စည်းထားရန် နေရာ

သွားလာလှုပ်ရှားနေရသော ဘဝနေထိုင်မှုပုံစံ၏ ပြောင်းလဲလာသည့်လိုအပ်ချက်များနှင့်အညီ ပစ္စည်းထားရန်နေရာများစွာကို ထည့်သွင်းပေးထားပါသည်။

(A) ယာဉ်မောင်း၏ ဘေးဘက်ရှိ ပစ္စည်းထားရန်နေရာ
(B) ဒက်ရှ်ဘုတ်ရှိ ပစ္စည်းထည့်ရန်အကန့်
(C) ကားရှေ့ခန်းရှိ ခွက်ထည့်ရန်နေရာများနှင့် ဖုန်းထားရန် နေရာ
(D) ကားနောက်ခန်း ထိုင်ခုံနှစ်ခုကြားရှိ ပစ္စည်းထားရန်အကန့်
(E) ထိုင်ခုံကျောဘက်ရှိ အိတ်
(F) ခွက်ထည့်ရန်နေရာများပါသည့် အနောက်ဘက်ထိုင်ခုံလက်တင်များ

အထုပ်အပိုးထားရန် နေရာ

အထုပ်အပိုးထားရန် နေရာ

နောက်ထိုင်ခုံများကို ၆၀-၄၀ ခေါက်သိမ်းထားနိုင်ခြင်းကြောင့် အထုပ်အပိုးထားရန်နေရာလွတ်ကို ပိုမိုကျယ်ဝန်းစေပါသည်။ မျိုးစုံသောကုန်စည်များ ဝင်ဆံ့နိုင်ရန်အတွက် လုံလောက်သောနေရာလွတ်ကို ဖန်တီးပြုလုပ်ပေးပါသည်။

Close

စိတ်လှုပ်ရှားပျော်ရွှင်မှုဖြင့် ခေတ်မီသားနားခြင်းကို ခံစားလိုက်ပါ