1NR-FE အင်ဂျင်

ဆက်တိုက်ပြောင်းလဲနိုင်သော ဂီယာ (CVT)

ဆိုင်းထိန်းနှင့် ဘရိတ်များ

လေခွင်းနိုင်စွမ်းအား

NVH

1NR-FE အင်ဂျင်

1NR-FE အင်ဂျင်

1NR-FE အင်ဂျင်သည် ဆီစာသက်သာခြင်းနှင့် ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပါးခြင်းတို့နှင့်အတူ ပြည့်စုံလုံလောက်သော မောင်းနှင်စွမ်းအားကို ထုတ်လုပ်ပေးပါသည်။

VVT-i နှစ်ခုနှင့်အတူ 16-valve DOHC
အများဆုံးရုန်းအား – 73kW/6000rpm
အများဆုံးအင်ဂျင်ဆွဲအား – 123Nm/4200rpm

ဆက်တိုက်ပြောင်းလဲနိုင်သော ဂီယာ (CVT)

ဆက်တိုက်ပြောင်းလဲနိုင်သော ဂီယာ (CVT)

ကိုယ်တိုင်ထိန်းချုပ်နိုင်သည့်စနစ်နှင့်အတူ ဆက်တိုက်ပြောင်းလဲနိုင်သော ဂီယာ (CVT) သည် ညက်ညောသာယာသော မောင်းနှင်မှုကို ကူညီထောက်ပံ့ပေးပါသည်။ အစီအစဉ်တကျဖြစ်သော ဂီယာအမြင့် / ဂီယာအနိမ့်သည် ပြိုင်ကားဆန်ဆန် မောင်းနှင်ခြင်း စိတ်လှုပ်ရှားမှုကို ပိုမိုရရှိစေပါသည်။

ဆိုင်းထိန်းနှင့် ဘရိတ်များ

ဆိုင်းထိန်းနှင့် ဘရိတ်များ

သန့်စင်ထားသော စပရိန်အခွေနှင့် ရှော့ဘားအင်္ဂါရပ်များသည် ထူးကဲကောင်းမွန်သည့် မောင်းနှင်ဇိမ်ကျမှုကို ရရှိစေပါသည်။ ဘရိတ်များသည် အကောင်းမွန်ဆုံးသော ရပ်တန့်နိုင်စွမ်းနှင့် အဆင့်မြှင့်ထားသော ထိန်းချုပ်နိုင်စွမ်းတို့ကို ပေးစွမ်းပါသည်။

လေခွင်းနိုင်စွမ်းအား

လေခွင်းနိုင်စွမ်းအား

ထိပ်တန်းအဆင့်ရှိသော လေခွင်းနိုင်စွမ်းအားသည် တည်ငြိမ်မှုနှင့် မောင်းနှင်ဇိမ်ကျသက်သာမှုကို တိုးမြှင့်ပေးပါသည်။ အပြင်ဘက်ရှိ နောက်ကြည့်မှန်များနှင့် အနောက်ဘက်ပေါင်းစပ်မီးများပေါ်တွင် ပါရှိသော လေခွင်းတည်ငြိမ်စေသည့် ဆူးတောင်များသည် ထူးကဲသော ကိုင်တွယ်မောင်းနှင်နိုင်စွမ်းနှင့် ဇိမ်ကျသက်သာစွာ စီးနင်းနိုင်မှုကို ကူညီအားဖြည့်ပေးပါသည်။

NVH

NVH

ကားဆောင့်မှုလျှော့ချပေးသည့်ကိရိယာနှင့် ဆူညံသံလျှော့ချပေးသည့်မှန်တို့သည် ကားအတွင်းသို့ ဆူညံသံများဝင်ရောက်လာခြင်းကို ချုပ်ထိန်းပေးပါသည်။ ကြမ်းခင်းနှင့် အမိုးတို့တွင်တပ်ဆင်ထားသည့် အသံစုပ်ယူသောပစ္စည်းများနှင့် တုန်ခါမှုလျှော့ချပေးသော ပစ္စည်းများသည် အထူးကဲဆုံး ဆိတ်ငြိမ်အေးချမ်းမှုနှင့် ဇိမ်ကျသက်သာသော ကူးသန်းသွားလာရေးအချိန်လေးကို သေချာစွာရရှိစေပါသည်။

Close

သာလွန်ကောင်းမွန်သော မောင်းနှင်မှုတည်ငြိမ်ခြင်းနှင့် စီးနင်းမှုသက်တောင့်သက်သာရှိခြင်း