ယာဉ်တည်ငြိမ်မှု ထိန်းချုပ်စနစ် (VSC)

တောက်တက်အကူထိန်းချုပ်စနစ် (HAC)

SRS လေအိတ်များ

အီလက်ထရွန်နစ်ဘရိတ်အားဖြန့်ဝေခြင်းစနစ် (EBD) ပါရှိသော လော့မကျပဲ ဘရိတ်ဖမ်းနိုင် သည့်စနစ် (ABS)

အဆင့်မြှင့်ထားသော ကိုယ်ထည်တောင့်တင်းခိုင်မာခြင်း

ယာဉ်တည်ငြိမ်မှု ထိန်းချုပ်စနစ် (VSC)

ယာဉ်တည်ငြိမ်မှု ထိန်းချုပ်စနစ် (VSC)

ယာဉ်တည်ငြိမ်မှုထိန်းချုပ်ခြင်းစနစ် (VSC) သည် ထောင့်ချိုး၌ကွေ့သောအခါတွင် ဘေးဘက်သို့ချော်ထွက်သွားခြင်းကို ရှာဖွေဖော်ထုတ်နိုင်ပြီး အင်ဂျင်မှထုတ်လွှတ်အားအပြင် တာယာတစ်လုံးဆီရှိ ဘရိတ်ဖမ်းသည့်အားကိုပါ အလိုအလျောက်ထိန်းချုပ်ပေးပြီး မောင်းနှင်သူအား ဆက်လက်ထိန်းချုပ်နိုင်စေသည်။

တောက်တက်အကူထိန်းချုပ်စနစ် (HAC)

တောက်တက်အကူထိန်းချုပ်စနစ် (HAC)

ကုန်းတက်များတွင်ကူညီထိန်းချုပ်သောစနစ်(HAC)သည် မတ်စောက်သောကုန်းတက်တွင်မောင်းနှင်သူ၏ ခြေထောက်သည် ဘရိတ်ခြေနင်းမှ အရှိန်မြင့်သည့်ခြေနင်းဆီသို့ ရွှေ့လိုက်သည်နှင့် ဘရိတ်အရည်ဖိအားကိုထိန်းချုပ်ပေးကာ မော်တော်ယာဉ်နောက်ပြန် လိမ့်ကျနိုင်ခြင်းကို လျှော့ချပေးသည်။

SRS လေအိတ်များ

SRS လေအိတ်များ

မောင်းနှင်သူ၊ ကားအရှေ့ခန်းမှလိုက်ပါစီးနင်းသူတို့အတွက် SRS လေအိတ်များ၊ မောင်း နှင်သူအတွက်ဒူးနေရာရှိ SRS လေအိတ်၊ SRS ဘေးဘက်လေအိတ်များနှင့် SRS ပြတင်း တံခါးအကာနေရာရှိလေအိတ်များအပါအဝင် စုစုပေါင်း SRS လေအိတ်ခုနှစ်လုံး တပ်ဆင်ပါရှိသည်။

Anti-lock Brake System (ABS) with Electronic Brake-force Distribution (EBD)

အီလက်ထရွန်နစ်ဘရိတ်အားဖြန့်ဝေခြင်းစနစ် (EBD) ပါရှိသော လော့မကျပဲ ဘရိတ်ဖမ်းနိုင် သည့်စနစ် (ABS)

အီလက်ထရောနစ်ဘရိတ်အားကို ဖြန့်ဝေသက်ရောက်မှု (EBD) နှင့်အတူ လော့ခ်မကျစေသည့် ဘရိတ်စနစ် (ABS) သည် ဘရိတ်အုပ်သောအခါ ယာဉ်တည်ငြိမ်မှုနှင့် ယာဉ်မောင်းသူ၏ ထိန်းချုပ်ခြင်းကို ဆက်လက်တည်မြဲနေအောင် ကူညီပေးပါသည်။

အဆင့်မြှင့်ထားသော ကိုယ်ထည်တောင့်တင်းခိုင်မာခြင်း

အဆင့်မြှင့်ထားသော ကိုယ်ထည်တောင့်တင်းခိုင်မာခြင်း

ပေါ့ပါးပြီး တောင့်တင်းခိုင်မာမှုအားကောင်းသော ကိုယ်ထည်သည် ထူးကဲကောင်းမွန်သည့် ကိုင်တွယ်မောင်းနှင်ခြင်းတည်ငြိမ်မှုကိုသာမက အသံလုံဆိတ်ငြိမ်မှုကိုပါရရှိအောင် ကူညီပေးပါသည်။ ဆန့်နိုင်အားကောင်းသော စတီးလ်ပြားများကို စေ့စပ်သေချာအောင် အသုံးပြုထားပြီး ကိုယ်ထည်တစ်ခုလုံးကို အသံစုပ်ယူသောပစ္စည်းများနှင့် တုန်ခါမှုလျှော့ချပေးသောပစ္စည်းများဖြင့် ထည့်သွင်းပြုလုပ်ထားပါသည်။ ကိုယ်ထည်တောင့်တင်းခိုင်မာမှုကို ထိရောက်စွာ ကူညီထောက်ပံ့ပေးသောနေရာများရှိ ဂဟေအဆက်နေရာများကို အဆင့်မြှင့်ပြုလုပ်ထားပါသည်။

Close

လူကြီးမင်း၏ စိတ်ငြိမ်းချမ်းမှုအတွက် များစွာသော ဘေးကင်းလုံခြုံရေးအင်္ဂါရပ်များ