passion_h1_tcm322-216447
Ideas Behind the Ovals

လက်ရှိ Toyata အမှတ်တံဆိပ်ကို ၁၉၈၉ခုနှစ်အောက်တိုဘာလတွင် ကုမ္ပဏီ၏အနှစ် ၅၀ပြည့်မြောက်အထိမ်းအမှတ်အဖြစ်
စတင် မိတ်ဆက်ခဲ့ပါသည်။ လက်ရှိ logo ဖွံ့ဖြိုးတိုးတက်ရန် ငါးနှစ်ခန့်ကြာခဲ့ရခြင်းအကြောင်းအရင်းမှာ သင့်တော်မည့် logoကို နိုင်ငံခြားတိုင်းပြည်များတွင် ပိုမိုအောင်မြင်လာသော Toyota၏ ဂုဏ်သတင်းများနှင့်ပေါင်းစပ်ပြီး ဖွံ့ဖြိုးအောင်တည်ဆောက်ပြုပြင်မှု လိုအပ်လာခြင်းကြောင့် ဖြစ်ပါသည်။ ၎င်း logoကို ဒီဇိုင်းရေးဆွဲရာတွင် အဓိကကျသောအရင်းခံ အကြောင်းရင်း(၂)ချက်မှာ အလှမ်းကွာဝေးသောနေရာမှ logoကိုမြင်ရုံနှင့် “Toyota ဆိုက်ရောက်လာပြီ” ဟု ကြောငြာလိုက်သကဲ့သို့ အသိအမှတ်ပြုခံရခြင်းနှင့် အခြားမော်တော်ယာဉ်များအနက် logo၏ ဆွဲဆောင်ကောင်းသော အမြင်အာရုံရရှိစေသောအကျိုးကြောင့် ထူးထူးခြားခြားပေါ်လွင်ထင်ရှားစေခြင်းတို့ဖြစ်ပါသည်။

Logo အသစ်တွင် ဘဲဥပုံသဏ္ဍာန် ၃ခု ရှိရာ ၎င်းတို့သည်အလျားလိုက်အချိုးညီစွာ
အစိတ်အပိုင်းများဖွဲ့စည်းထားသော ပုံပန်းသဏ္ဍာန် ဖြစ်ပါသည်။ ပို၍ကြီးသော ဘဲဥပုံသဏ္ဍာန်ထဲရှိထောင့်မှန်ကျသည့် ဘဲဥပုံသဏ္ဍာန်နှစ်ခုတို့သည် customer ၏ စိတ်နှလုံးသားနှင့် ကုမ္ပဏီ၏စိတ်နှလုံးသားတို့ကို ကိုယ်စားပြုပါသည်။ ၎င်းတို့တစ်ခုနှင့်တစ်ခုထပ်နေခြင်းသည်လည်း တစ်ယောက်နှင့်တစ်ယောက် နှစ်ဦးနှစ်ဖက်ကောင်းကျိုးပြုသော အပြန်အလှန်ဆက်ဆံမှုနှင့် ယုံကြည်မှုတို့ကို ကိုယ်စားပြုပါသည်။

ထောင့်မှန်ကျသော ovals နှစ်ခုထပ်နေခြင်း၏အတွင်း၊ အပြင်ဘက်၌ဖြစ်သော ovalသည် ‘T’ အဖြစ်
Toyota ကို သင်္ကေတပြုသည်သာမက စတီယာရင်ဘီးအဖြစ်လည်း မော်တော်ယာဉ်ကိုကိုယ်စားပြုပါသည်။ အပြင်ဘက်၌ဖြစ်သော ovalသည် ကမ္ဘာကြီးမှ Toyota ကို စိတ်အားထက်သန်စွာဖြင့်လက်ခံမှုကို သင်္ကေတပြုပါသည်။ ovalတစ်ခုချင်းစီကို မတူညီသော စုတ်ချက်အပြည့်နှင့် ပုံပန်းဖော်ထားရာ ဂျပန်ယဉ်ကျေးမှုတွင် လူသိများသော “စုတ်တံဖြင့်ဂျပန်စာကိုအနုပညာဆန်စွာ ပုံဖော်ရေးသားသည့်” ပန်းချီအနုပညာနှင့်လည်း ဆင်ပါသည်။

passion_img01_tcm322-216448

“အတိုင်းအဆမရှိသောအကျိုးသက်ရောက်မှုများ” ဖြစ်သည့် ထိပ်တန်းအရည်အသွေး၊
မျှော်လင့်ခြင်းထက်သာလွန်သောတန်ဖိုး၊ မောင်းနှင်ရာတွင် စိတ်ပျော်ရွှင်ခံစားမှု၊ ဆန်းသစ်တီထွင်မှုနှင့် ဘေးကင်းမှုကို တန်ဖိုးထားခြင်း၊ ပတ်ဝန်းကျင်အခြေအနေနှင့် လူမှုရေးဆိုင်ရာတာဝန်ရှိမှု အစရှိသည်တို့ကို Toyota သည် ၎င်း၏၀ယ်ယူသူများသိရှိစေရန် logoအတွင်း နောက်ခံရှိနေရာလပ်တွင် အထင်အရှားဖော်ပြထားပါသည်။

Power of the Brand

ဤပုံစံအသစ်ထုတ်လုပ်ထားသော Toyota Logo ကို ၁၉၈၉ခုနှစ် အောက်တိုဘာလ၌
၎င်းတို့၏ဇိမ်ခံကားမော်ဒယ်, Celsior တွင် ပထမဆုံးပွဲထုတ်ခဲ့ပါသည်။ မကြာမီအချိန်တွင်လည်းကားမော်ဒယ်အမြောက်အများသည် တံဆိပ်အသစ်ဖြင့် ဂုဏ်ယူစွာဖြင့် ပြသနိုင်ခဲ့ပါသည်။ နောက်ကြည့်မှန်နှင့် ဘေးကြည့်မှန်များမှကြည့်လျှင် သိသာထင်ရှားစွာမြင်သာလောက်ပြီး မကြုံစဖူးထူးကဲသော ၎င်း logo ကို “Toyota” အမှတ်သင်္ကေတအဖြစ် ကျယ်ကျယ်ပြန့်ပြန့်အသိအမှတ်ပြုခံခဲ့ရပါသည်။

passion_img02_tcm322-216446

A 1989 Toyota Celsior