Land Cruiser PRADO

t9_toyota_logo01

Land Cruiser PRADO ၏ အမွေအနှစ်များဖြစ်သော အရည်အသွေးကောင်းမွန်ခြင်းနှင့် ယုံကြည်စိတ်ချရခြင်း။

prado_mm_design_m_tcm323-274290

အမွေအနှစ်နှင့်စပ်လျဉ်း၍လွန်ခဲ့သော ရာစုနှစ်တစ်ဝက်ကျော်ကျော်ကိုပြန်ကြည့်လျှင် Land Cruiser သည်၎င်း၏ပြိုင်ဘက်မဲ့သော သာမန်မဟုတ်သောမြေမျက်နှာပြင်ပေါ်တွင် မောင်းနှင်ခြင်း၏စွမ်းဆောင်မှုနှင့် ကြာရှည်ခိုင်ခံ့ခြင်းတို့ကြောင့် ယုံကြည်စိတ်ချဖို့ ခိုင်မာတောင့်တင်းကောင်းမွန်သော ဂုဏ်သတင်းများကိုလည်း အထိုက်အတန်ရထားပါသည်။ ယခုအခါတွင်ကားမော်ဒယ်အသစ်များနှင့်အစားထိုးလိုက်သော ယခင်ကားအမျိုးအစားကောင်းများ၏ နောက်ခံသမိုင်းကိုအမွေဆက်ခံရင်း သာမန်လမ်းများပေါ်တွင်မောင်းနှင်ရာ၌ ပိုမိုစွမ်းဆောင်နိုင်မှုနှင့် အဆင့်မြင့်ထုတ်လုပ်ထားသော ကားအတွင်းပိုင်း၏ဘက်စုံအသုံးပြုနိုင်မှုတို့ကို တစ်ပြိုင်နက်တည်းလက်တွေ့ အကောင်အထည် ဖော်နိုင်ခြင်းတို့သည် Land Cruiser PRADO ၏ အဓိကတိုးတက်မှုခြေလှမ်းရှေ့သို့ တစ်လှမ်းလှမ်းလိုက်ခြင်းပင်ဖြစ်ပါသည်။

PRADO၏အမောင်းဝင်ရိုးက ဘီးလေးဘီးလုံးကိုလည်ပတ်စေရန် စီစဉ်ဖန်တီးထားခြင်း (4WD) အမွေအနှစ်ကြောင့် ရှုထောင့်အမျိုးမျိုးမှကြည့်လျှင် ခန့်ညားမှုကိုပိုင်ဆိုင်ထားသည့်ကား၏ အပြင်ပန်းဒီဇိုင်းကိုထင်ရှားမြင်သာနိုင်သည့်အပြင် PRADO၏လက်ရှိပင်ကိုယ်ဆွဲဆောင်မှုသည် ကြမ်းတမ်းသောမြေပြင်အခြေအနေပေါ်တွင်ပင်အမှန်တကယ်ကိုထင်ပေါ်တောက်ပနေပါသည်။