Toyota New Global Architecture

အင်ဂျင်နှင့် ဂီယာပြောင်းစနစ်

ဆိုင်းထိန်း

ဆူညံသံ လျှော့ချခြင်း

Toyota New Global Architecture

Toyota New Global Architecture

ကိုယ်ထည်အနိမ့်နှင့် နည်းပညာအသစ်သည် Corolla ၏ စိတ်လှုပ်ရှားဖွယ်ဒီဇိုင်းကို ပုံဖော်ပေးပါသည်။ ယာဉ်တည်ငြိမ်မှု၊ သွက်လက်ပေါ့ပါးစွာ ထိန်းချုပ်မောင်းနှင်မှု၊ အကြမ်းခံနိုင်မှု မြင့်မားခြင်းနှင့် လိုက်ပါစီးနင်းရာတွင် သက်သောင့်သက်သာရှိမှုတို့ကို ခံစားနိုင်စေပါသည်။
ဖော်ပြထားသော အစိတ်အပိုင်းများသည် အမှန်တကယ်တွေ့ရသော အချက်အလက်များနှင့် ကွာခြားနိုင်ပါသည်။

Engine & Transmission

အင်ဂျင်နှင့် ဂီယာပြောင်းစနစ်

ဂီယာ ၇ ချက် CVT ဂီယာစနစ်ကို အီလက်ထရောနစ်နည်းဖြင့် ထိန်းချုပ်ထားသော လေထိန်းတံခါးပါရှိသည့် ပေါင်းစပ်ထိန်းချုပ်စနစ်သစ်နှင့် ပူးပေါင်းထားပါသည်။ Dual VVT-i (1ZR-FE) စနစ်သုံး 1.6-liter အင်ဂျင် နှင့် တွဲဖက်ထားသော မောင်းနှင်မှုစနစ် (drivetrain) သည် မောင်းနှင်နိုင်စွမ်း၊ ငြိမ့်ညောင်းမှု၊ တိတ်ဆိတ်မှုနှင့် ဆီစားသက်သာမှုတို့ကို မြှင့်တင်ပေးပါသည်။

Suspension

ဆိုင်းထိန်း

အရှေ့ဘက်ရှိ MacPherson struts နှင့် အသစ်ဖန်တီးထားသော အနောက်ဘက် wishbone ဆိုင်းထိန်းတို့က ယာဉ်ထိန်းချုပ်ကိုင်တွယ်ရာတွင် တည်ငြိမ်ခြင်းနှင့် အရည်အသွေးမြင့် မောင်းနှင်ခြင်းဆိုင်ရာ ဝိသေသလက္ခဏာများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် တုန်ခါမှုနှင့် ကားဆောင့်မှုတို့ကို လျော့နည်းစေကာ ငြိမ့်ညောင်းသော စီးနင်းမှုတစ်ခုဖြစ်စေပါသည်။

Noise Suppression

ဆူညံသံ လျှော့ချခြင်း

ကားအတွင်းခန်းအတွင်း ဝင်ရောက်လာသော ဆူညံသံများကို လျှော့ချရန် အင်ဂျင်ခန်းပတ်လည်တွင် အသံစုပ်ယူသော အကာအကွယ်အလွှာများကို စနစ်တကျ တပ်ဆင်ပေးထားပါသည်။
ဟိုက်ဒရောလစ်အင်ဂျင် တပ်ဆင်ထားခြင်းကလည်း ဆူညံသံများနှင့် တုန်ခါမှုများကို ပိုမိုလျှော့ချပေးပါသည်။

Close

ဘဝင်နှလုံးရွှင်ပြုံစေမည့် အားကောင်းစွာ အဆင့်မြှင့်တင်ထားသည့် လုပ်ဆောင်နိုင်စွမ်း

TNGA Video

AGILITY

STABILITY

VISIBILITY