ယာဉ်တိုက်မှု ကြိုတင်ကာကွယ်ပေးသည့်စနစ် (PCS)

အလိုအလျောက် အရှိန်နှုန်းထိန်းချုပ်စနစ် (DRCC)

ယာဉ်ကြော ပြောင်းလဲသွားခြင်းအချက်ပြစနစ် (LDA)

အလိုအလျောက် မီးကြီးပြောင်းစနစ် (AHB)

တောင်တက်အကူထိန်းချုပ်စနစ်

ယာဉ်တည်ငြိမ်မှု ထိန်းချုပ်စနစ် (VSC)

SRS လေအိတ် ၇ အိတ်

ယာဉ်တိုက်မှု ကြိုတင်ကာကွယ်ပေးသည့်စနစ် (PCS)

ယာဉ်တိုက်မှု ကြိုတင်ကာကွယ်ပေးသည့်စနစ် (PCS)

မီလီမီတာလှိုင်းရေဒါမှ ဒေတာများနှင့် ကင်မရာဆင်ဆာများသည် ရှေ့တွင်ရှိသော ယာဉ်နှင့် တိုက်မိနိုင်ခြေကို ကြိုတင်ခန့်မှန်းပေးသည်၊ ယာဉ်မောင်းသူက ဘရိတ်ခြေနင်း ပြားကို နင်းလိုက်သောအခါ စနစ်သည် ယာဉ်တိုက်မှုကြိုတင်ကာကယ်ရေးဘရိတ် အကူအညီကို အသက်သွင်းပေးပါသည်။

ယာဉ်မောင်းသူက ဘရိတ်ခြေနင်းပြားကို မနင်းမိလျှင် ၎င်းစနစ်သည် ယာဉ်တိုက်မှု ကြိုတင်ကာကွယ်ပေးသည့်ဘရိတ်များကို အသက်သွင်းပေးသည်။

* စနစ်သည် ရာသီဥတု၊ လမ်းနှင့် ယာဉ်အခြေအနေများ သို့မဟုတ် အခြားအကြောင်းအရင်း များအပေါ်တူတည်၍ ကောင်းစွာ အလုပ်မလုပ်ခြင်း ဖြစ်နိုင်ပါသည်။

အလိုအလျောက် အရှိန်နှုန်းထိန်းချုပ်စနစ် (DRCC)

အလိုအလျောက် အရှိန်နှုန်းထိန်းချုပ်စနစ် (DRCC)

ရှေ့တွင်ရှိသောယာဉ်များကို အာရုံခံစုံစမ်းနိုင်ရန် မီလီမီတာလှိုင်းရေဒါနှင့် မိုနိုကူလာ ကင်မရာဆင်ဆာများနှင့်အတူ DRCC ကို တပ်ဆင်ထုတ်လုပ်ထားပါသည်၊ ရှေ့တွင်ရှိသော ယာဉ်မှ စိတ်ချရသောအကွာအဝေးတစ်ခု၌ ဆက်လက်တည်ရှိနေစေလျက် နောက်မှလိုက်ရခြင်းကို ကူညီပေးပါသည်။

* စနစ်သည် ရာသီဥတု၊ လမ်းနှင့် ယာဉ်အခြေအနေများ သို့မဟုတ် အခြားအကြောင်း အရင်းများအပေါ်တူတည်၍ ကောင်းစွာ အလုပ်မလုပ်ခြင်း ဖြစ်နိုင်ပါသည်။

ယာဉ်ကြော ပြောင်းလဲသွားခြင်းအချက်ပြစနစ် (LDA)

ယာဉ်ကြော ပြောင်းလဲသွားခြင်းအချက်ပြစနစ် (LDA)

ယာဉ်မောင်းမှ အချက်ပြမှုပြုလုပ်ခြင်းမရှိဘဲ ယာဉ်လမ်းကြောင်းမှ ချော်ထွက်သွားသောအခါ ဤစနစ်သည် အချက်ပေးသံနှင့် အချက်ပြမီးခွက်တို့ဖြင့် ယာဉ်မောင်းသူကို သတိပေးပါသည်။ စနစ်သည် စတီယာရင်အချက်အလက် ဖြည့်သွင်းခြင်းကို ပြင်ဆင်ရန်အတွက် စတီယာရင်အကူအညီစနစ်ကိုလည်း အသက်သွင်းနိုင်ပြီး ယာဉ်ကို လမ်းကြောင်းမှ ချော်ထွက်သွားခြင်းကို တားဆီးပေးပါသည်။

* စနစ်သည် ရာသီဥတု၊ လမ်းနှင့် ယာဉ်အခြေအနေများ သို့မဟုတ် အခြားအကြောင်း အရင်းများအပေါ်တူတည်၍ ကောင်းစွာ အလုပ်မလုပ်ခြင်း ဖြစ်နိုင်ပါသည်။

အလိုအလျောက် မီးကြီးပြောင်းစနစ် (AHB)

အလိုအလျောက် မီးကြီးပြောင်းစနစ် (AHB)

ရှေ့တွင်ရှိသော ယာဉ်များ၏ မီးများကို အာရုံခံစုံစမ်းပြီး ရှေ့မီးခွက်များကို ချမီး သို့မဟုတ် ထောင်မီးသို့ အလိုအလျောက် ချိန်ညှိပေးပါသည်။

* စနစ်သည် ရာသီဥတု၊ လမ်းနှင့် ယာဉ်အခြေအနေများ သို့မဟုတ် အခြားအကြောင်းအရင်း များအပေါ်တူတည်၍ ကောင်းစွာ အလုပ်မလုပ်ခြင်း ဖြစ်နိုင်ပါသည်။

တောင်တက်အကူထိန်းချုပ်စနစ်

တောင်တက်အကူထိန်းချုပ်စနစ်

မတ်စောက်သော သို့မဟုတ် ချော်ထွက်တတ်သော ဆင်ခြေလျှောသို့ တက်သောအခါ ယာဉ်ကို နောက်သို့လိမ့်မကျအောင် ကာကွယ်ပေးပါသည်။

ယာဉ်တည်ငြိမ်မှု ထိန်းချုပ်စနစ် (VSC)

ယာဉ်တည်ငြိမ်မှု ထိန်းချုပ်စနစ် (VSC)

VSC သည် အကွေ့တစ်ခုတွင် ကားဘီးတစ်ဘီးချင်းဆီသို့ သက်ရောက်သည့် ဘရိတ်အားနှင့် အင်ဂျင်ပါဝါကို အလိုအလျောက် ထိန်းညှိပေးခြင်းဖြင့် ယာဉ်ကို ၎င်း၏ ဦးတည်ရာအတိုင်းဆက်လက်တည်ရှိနေစေရန် သေချာစွာကူညီပေးပါသည်။

* စနစ်သည် ရာသီဥတု၊ လမ်းနှင့် ယာဉ်အခြေအနေများ သို့မဟုတ် အခြားအကြောင်း အရင်းများအပေါ်တူတည်၍ ကောင်းစွာ အလုပ်မလုပ်ခြင်း ဖြစ်နိုင်ပါသည်။

SRS လေအိတ် ၇ အိတ်

SRS လေအိတ် ၇ အိတ်

ဖြည့်စွက်တည်ငြိမ်ရေးစနစ်တွင် ယာဉ်မောင်းသူနှင့် ရှေ့ခရီးသည်အတွက် လေအိတ်များ၊ ယာဉ်မောင်းသူအတွက် ဒူးနေရာရှိလေအိတ်၊ နှင့် SRS ဘေးဘက်နှင့် ခန်းဆီးအကာ လေအိတ်များတို့ ပါဝင်ပါသည်။

Close

ဘေးကင်းလုံခြုံမှုကို ခံစားရယူပြီး အချိန်ကောင်းများကို အပြည့်အဝ ဆက်လက်ရယူလိုက်ပါ