ရှေ့ဒီဇိုင်း

LED ရှေ့မီးကြီးများနှင့် မြူနှင်းခွဲမီးများ

Wheels

LED နောက်ဘက်ပေါင်းစပ်မီးများ

ပါဝါနောက်ဖုံးတံခါး

ရှေ့ဒီဇိုင်း

ရှေ့ဒီဇိုင်း

သားနားသော အရှေ့ဘက် အပေါ်ပိုင်းကိုယ်ထည်သည် ကျစ်လစ်ကြော့မော့ပြီး သားနားသော အသွင်အပြင်ကို ပေးစွမ်းပါသည်။ အောက်ပိုင်းကိုယ်ထည်သည်လည်း ဂုဏ်သိက္ခာရှိမှုကို ဖော်ပြနေပါသည်။

LED ရှေ့မီးကြီးများနှင့် မြူနှင်းခွဲမီးများ

LED ရှေ့မီးကြီးများနှင့် မြူနှင်းခွဲမီးများ

အထူးထုတ်ရှေ့မီးကြီးများသည် ကျစ်လစ်ကြော့မော့ပြီး သားနားသောဒီဇိုင်းကို ရရှိစေထားပြီး LED DRL ဖြင့် အနားကွပ်ထားသည့် LED အမြင့်/အနိမ့် မီးများကိုလည်း တစ်မျိုးစီ လုပ်ဆောင်နိုင်ပါသည်။
ညအချိန်တွင် ဘေးကင်းစွာမောင်းနှင်နိုင်ရန် စွမ်းအင်အနည်းငယ်ကိုသာ အသုံးပြု၍ ကြည်လင်ပြတ်သားသော မြင်နိုင်စွမ်းကိုပေးနိုင်ရန်အတွက် ၎င်းတို့သည် ရှေ့ပိုင်း LED မြူနှင်းခွဲမီးများနှင့်အတူ အလွန်ထိရောက်စွာ အလုပ်လုပ်ကြပါသည်။

ဘီးများ

ဘီးများ

အထူးထုတ်အလွိုင်းဘီးများသည် သားနားသော စပုတ်ချောင်းဒီဇိုင်းတွင် စက်ဖြင့်ဖြတ်တောက်စီမံထားခြင်းနှင့် အနက်ရောက်သတ္တုရောင်ခြယ်ထားခြင်းတို့ကို ပေါင်းစပ်၍ အခမ်းနားဆုံးခံစားမှုကို ဖြည့်ဆည်းပေးပါသည်။

LED နောက်ဘက်ပေါင်းစပ်မီးများ

LED နောက်ဘက်ပေါင်းစပ်မီးများ

နောက်ဘက်ပေါင်းစပ်မီးများရှိ များစွာသော LED မီးများနှင့် မျက်နှာပြင်ဖြာထွက်သော ပစ္စည်းများသည် မီးလင်းနေသောအခါ ပြိုင်စံရှားပြီး အဆင်မြင့်သည့်ပုံစံကို ထပ်မံအားဖြည့်ထားပါသည်။

ပါဝါနောက်ဖုံးတံခါး

ပါဝါနောက်ဖုံးတံခါး

လက်ထဲတွင်ပစ္စည်းများဖြင့် မအားမလပ်ဖြစ်နေသည့်အချိန်တွင် အဖွင့်အပိတ်ခလုတ်ကို နှိပ်ရုံဖြင့် လက်ဆွဲအိပ်ထားသိုသောနေရာတွင် အချိန်တိုလွယ်ကူစွာ ထားရှိနိုင်ပါသည်။

Close

ဂုဏ်သိက္ခာရှိပြီး ခန့်ညားထည်ဝါသော အသွင်အပြင်